Go by Example မြန်မာဘာသာ: Testing and Benchmarking

Unit testing သည် အခြေခံကျသော Go ပရိုဂရမ်များ ရေးသားရာတွင် အရေးကြီးသော အပိုင်းတစ်ခုဖြစ်သည်။ testing package က unit test များရေးသားရန် လိုအပ်သော tools များကို ပေးပြီး go test command က test များကို run ပေးသည်။

သရုပ်ပြရန်အတွက် ဤ code သည် main package တွင်ရှိသော်လည်း မည်သည့် package တွင်မဆို ဖြစ်နိုင်သည်။ Testing code သည် အများအားဖြင့် ၎င်းစစ်ဆေးသော code နှင့် package နှင့်အတး တည်ရှိလေ့ရှိသည်။

package main
import (
    "fmt"
    "testing"
)

ကျွန်ုပ်တို့သည် ကိန်းဂဏန်း အနည်းဆုံးတန်ဖိုးရှာသော ရိုးရှင်းသောအကောင်အထည်ဖော်မှုကို စမ်းသပ်မည်ဖြစ်သည်။ ပုံမှန်အားဖြင့် ကျွန်ုပ်တို့စစ်ဆေးနေသော code သည် intutils.go ကဲ့သို့သော အမည်ရှိ source file တွင်ရှိမည်ဖြစ်ပြီး ၎င်းအတွက် test file မှာ intutils_test.go ဟု အမည်ပေးမည်ဖြစ်သည်။

func IntMin(a, b int) int {
    if a < b {
        return a
    }
    return b
}

Test ဖြင့်စသော အမည်ရှိ function တစ်ခုရေးခြင်းဖြင့် test တစ်ခုကို ဖန်တီးသည်။

func TestIntMinBasic(t *testing.T) {
    ans := IntMin(2, -2)
    if ans != -2 {

t.Error* သည် test အောင်မြင်မှုမရှိကြောင်း report လုပ်သော်လည်း test ကို ဆက်လက်အကောင်အထည်ဖော် (execute)မည်။ t.Fatal* သည် test အောင်မြင်မှုမရှိကြောင်း report လုပ်ပြီး test ကို ချက်ချင်းရပ်တန့်စေမည်။

        t.Errorf("IntMin(2, -2) = %d; want -2", ans)
    }
}

Test များရေးသားခြင်းသည် ထပ်ခါတလဲလဲဖြစ်နိုင်သောကြောင့် table-driven style ကို အသုံးပြုရန် ထုံးစံဖြစ်သည်။ ဤနည်းတွင် test input များနှင့် မျှော်မှန်းထားသော output များကို ဇယားတစ်ခုတွင် စာရင်းပြုစုထားပြီး loop တစ်ခုက ၎င်းတို့ကိုလိုက်လံစစ်ဆေးကာ test logic ကို အကောင်အထည်ဖော်သည်။

func TestIntMinTableDriven(t *testing.T) {
    var tests = []struct {
        a, b int
        want int
    }{
        {0, 1, 0},
        {1, 0, 0},
        {2, -2, -2},
        {0, -1, -1},
        {-1, 0, -1},
    }
    for _, tt := range tests {

t.Run သည် “subtest” များကို run နိုင်စေသည်။ ဇယားထဲရှိ entry တစ်ခုစီအတွက် တစ်ခုစီဖြစ်သည်။ ၎င်းတို့ကို go test -v run သောအခါ သီးခြားစီပြသသည်။

        testname := fmt.Sprintf("%d,%d", tt.a, tt.b)
        t.Run(testname, func(t *testing.T) {
            ans := IntMin(tt.a, tt.b)
            if ans != tt.want {
                t.Errorf("got %d, want %d", ans, tt.want)
            }
        })
    }
}

Benchmark test များသည် အများအားဖြင့် _test.go file များတွင်ရှိပြီး Benchmark ဖြင့်စသော အမည်ရှိကြသည်။ testing runner သည် benchmark function တစ်ခုစီကို အကြိမ်ပေါင်းများစွာ run ပြီး တိကျသောတိုင်းတာမှုရရှိသည်အထိ b.N ကို တိုးမြှင့်သွားသည်။

func BenchmarkIntMin(b *testing.B) {

ပုံမှန်အားဖြင့် benchmark သည် ကျွန်ုပ်တို့ benchmark လုပ်နေသော function ကို b.N အကြိမ် loop ပတ်၍ run သည်။

    for i := 0; i < b.N; i++ {
        IntMin(1, 2)
    }
}

လက်ရှိ project ထဲက test အားလုံးကို verbose mode နဲ့ run ပါ။

$ go test -v
== RUN   TestIntMinBasic
--- PASS: TestIntMinBasic (0.00s)
=== RUN   TestIntMinTableDriven
=== RUN   TestIntMinTableDriven/0,1
=== RUN   TestIntMinTableDriven/1,0
=== RUN   TestIntMinTableDriven/2,-2
=== RUN   TestIntMinTableDriven/0,-1
=== RUN   TestIntMinTableDriven/-1,0
--- PASS: TestIntMinTableDriven (0.00s)
    --- PASS: TestIntMinTableDriven/0,1 (0.00s)
    --- PASS: TestIntMinTableDriven/1,0 (0.00s)
    --- PASS: TestIntMinTableDriven/2,-2 (0.00s)
    --- PASS: TestIntMinTableDriven/0,-1 (0.00s)
    --- PASS: TestIntMinTableDriven/-1,0 (0.00s)
PASS
ok      examples/testing-and-benchmarking    0.023s

လက်ရှိ project ထဲက benchmark အားလုံးကို run ပါ။ benchmark တွေ မ run ခင် test အားလုံးကို အရင် run ပါတယ်။ bench flag က benchmark function အမည်တွေကို regexp နဲ့ filter လုပ်ပါတယ်။

$ go test -bench=.
goos: darwin
goarch: arm64
pkg: examples/testing
BenchmarkIntMin-8 1000000000 0.3136 ns/op
PASS
ok      examples/testing-and-benchmarking    0.351s

နောက်ဥပမာ: Command-Line Arguments.