Go by Example မြန်မာဘာသာ: Command-Line Arguments

Command-line arguments သည် ပရိုဂရမ်များ၏ လုပ်ဆောင်မှုကို parameter ပေးရန် အသုံးများသော နည်းလမ်းတစ်ခုဖြစ်သည်။ ဥပမာ - go run hello.go သည် go ပရိုဂရမ်အတွက် run နှင့် hello.go arguments များကို အသုံးပြုသည်။

package main
import (
    "fmt"
    "os"
)
func main() {

os.Args သည် ကနဦး command-line arguments များကို ရယူခွင့်ပေးသည်။ ဤ slice ထဲရှိ ပထမဆုံးတန်ဖိုးသည် ပရိုဂရမ်၏ လမ်းကြောင်းဖြစ်ပြီး os.Args[1:] သည် ပရိုဂရမ်သို့ ပေးသော arguments များကို ကိုင်တွယ်(hold) သည်ကို သတိပြုပါ။

    argsWithProg := os.Args
    argsWithoutProg := os.Args[1:]

သင်သည် ပုံမှန် indexing ဖြင့် တစ်ခုချင်းစီသော args များကို ရယူနိုင်သည်။

    arg := os.Args[3]
    fmt.Println(argsWithProg)
    fmt.Println(argsWithoutProg)
    fmt.Println(arg)
}

Command-line arguments တွေကို စမ်းသပ်ဖို့အတွက် ပထမဆုံး go build နဲ့ binary ကို တည်ဆောက်တာ(build)က အကောင်းဆုံးဖြစ်ပါတယ်။

$ go build command-line-arguments.go
$ ./command-line-arguments a b c d
[./command-line-arguments a b c d]       
[a b c d]
c

နောက်တစ်ဆင့်အနေနဲ့ ပိုပြီးအဆင့်မြင့်တဲ့ command-line processing ကို flags တွေသုံးပြီး လေ့လာကြမှာ ဖြစ်ပါတယ်။

နောက်ဥပမာ: Command-Line Flags.