Go by Example မြန်မာဘာသာ: Writing Files

Go တွင် ဖိုင်ရေးသားခြင်းသည် ယခင်က ကျွန်ုပ်တို့တွေ့ခဲ့သော ဖိုင်ဖတ်ခြင်းနှင့် ဆင်တူသော ပုံစံများကို လိုက်နာသည်။

package main
import (
    "bufio"
    "fmt"
    "os"
)
func check(e error) {
    if e != nil {
        panic(e)
    }
}
func main() {

စတင်ရန်အတွက်၊ string (သို့မဟုတ် byte များ) ကို ဖိုင်ထဲသို့ ထည့်သွင်းရေးသားပုံကို ဖော်ပြထားသည်။

    d1 := []byte("hello\ngo\n")
    err := os.WriteFile("/tmp/dat1", d1, 0644)
    check(err)

ပိုမိုအသေးစိတ်ရေးသားရန်အတွက်၊ ဖိုင်ကို ရေးသားရန် ဖွင့်ပါ။

    f, err := os.Create("/tmp/dat2")
    check(err)

ဖိုင်ဖွင့်ပြီးချက်ချင်း Close ကို defer လုပ်ခြင်းသည် ထုံးစံဖြစ်သည်။

    defer f.Close()

ကျနော်တို့လုပ်ချင်တဲ့အတိုင်း byte slice များကို Write နိုင်သည်။

    d2 := []byte{115, 111, 109, 101, 10}
    n2, err := f.Write(d2)
    check(err)
    fmt.Printf("wrote %d bytes\n", n2)

WriteString လည်းရှိပါသည်။

    n3, err := f.WriteString("writes\n")
    check(err)
    fmt.Printf("wrote %d bytes\n", n3)

ရေးသားထားသည်များကို တည်ငြိမ်သော သိုလှောင်မှုသို့ flush လုပ်ရန် Sync ကို အသုံးပြုပါ။

    f.Sync()

bufio သည် ယခင်က မြင်ခဲ့ရသော buffered reader များအပြင် buffered writer များကိုလည်း ပေးစွမ်းသည်။

    w := bufio.NewWriter(f)
    n4, err := w.WriteString("buffered\n")
    check(err)
    fmt.Printf("wrote %d bytes\n", n4)

buffer ထဲရှိ လုပ်ဆောင်ချက်အားလုံးကို အခြေခံ writer ထဲသို့ အသုံးချပြီးကြောင်း သေချာစေရန် Flush ကို အသုံးပြုပါ။

    w.Flush()
}

ဖိုင်ရေးသားသည့် ကုဒ်ကို စမ်းသပ်ပြီး run ကြည့်ပါ။

$ go run writing-files.go 
wrote 5 bytes
wrote 7 bytes
wrote 9 bytes

ထို့နောက် ရေးသားထားသော ဖိုင်များ၏ အကြောင်းအရာများ(content)ကို စစ်ဆေးကြည့်ပါ။

$ cat /tmp/dat1
hello
go
$ cat /tmp/dat2
some
writes
buffered

နောက်တစ်ဆင့်အနေဖြင့် ယခုလေ့လာခဲ့သော ဖိုင် I/O သဘောတရားအချို့ကို stdin နှင့် stdout stream များတွင် အသုံးချခြင်းကို ကြည့်ကြမည်။

နောက်ဥပမာ: Line Filters.