Go by Example မြန်မာဘာသာ: Sorting

Go ၏ စံကုဒ်အစုအဝေး (standard library) တွင် ပါရှိပြီးသား ဒေတာအမျိုးအစားများနှင့် အသုံးပြုသူများက သတ်မှတ်လိုက်သော ဒေတာအမျိုးအစားများ အတွက် အက္ခရာစဉ်၊ နံပါတ်စဉ် စသည် စီရန် စဉ်ရန် sort package ကို ပြုလုပ်ထားပါသည်။ Go တွင် ပါဝင်ပြီးသား ဒေတာအမျိုးအစားများ အတွက် ဒေတာစဉ်နည်းကို အရင်ဦးဆုံး ကြည့်ကြမည်။

package main
import (
    "fmt"
    "sort"
)
func main() {

Sort method များကို ရှိပြီးသား ဒေတာအမျိုးအစားများ အတွက်သာ ပြုလုပ်ထားသည်။ string အမျိုးအစားအတွက် နမူနာကို ယခုအပိုဒ်တွင် ကြည့်နိုင်သည်။ စီခြင်း စဉ်ခြင်းကို တနေရာတည်း ပြုလုပ်သွားသည့်အတွက် ထည့်ပေးလိုက်သော slice တွင် ပြောင်းလဲမှု (စီခြင်း စဉ်ခြင်း) ဖြစ်သွားပြီး slice အသစ်တစ်ခု ပြန်မထုတ်ပေးကြောင်း မှတ်သားနိုင်သည်။

    strs := []string{"c", "a", "b"}
    sort.Strings(strs)
    fmt.Println("Strings:", strs)

int ဒေတာများကို စဉ်သည့် နမူနာ။

    ints := []int{7, 2, 4}
    sort.Ints(ints)
    fmt.Println("Ints:   ", ints)

Slice ကို sort လုပ်ထားပြီးသား ဟုတ်မဟုတ် sort package ကိုသုံးပြီး စစ်နိုင်တယ်။

    s := sort.IntsAreSorted(ints)
    fmt.Println("Sorted: ", s)
}

ပရိုဂရမ်ကို ခိုင်းစေလိုက်ပါက စဉ်ပြီးသော string နှင့် int ဒေတာများ၊ true ကို စမ်းသပ်သောကုဒ် IntsAreSorted ၏ရလဒ် စသည်ဖြင့် တွေ့မြင်ရမည်။

$ go run sorting.go
Strings: [a b c]
Ints: [2 4 7]
Sorted: true

နောက်ဥပမာ: Sorting by Functions.