Go by Example မြန်မာဘာသာ: Non-Blocking Channel Operations

Channel တွေပေါ်မှာ အခြေခံ ပို့တာ(send)နဲ့ လက်ခံတာ (receive) တွေက blocking ဖြစ်ပါတယ်။ ဒါပေမယ့် select နဲ့ default clause ကိုသုံးပြီး non-blocking ပို့တာ၊ လက်ခံတာ၊ ဒါ့အပြင် non-blocking multi-way select တွေကိုတောင် implement လုပ်နိုင်ပါတယ်။

package main
import "fmt"
func main() {
    messages := make(chan string)
    signals := make(chan bool)

ဒါက non-blocking လက်ခံမှုပါ။ messages မှာ တန်ဖိုးတစ်ခု အဆင်သင့်ရှိနေရင် select က အဲဒီတန်ဖိုးနဲ့အတူ <-messages case ကို ယူပါလိမ့်မယ်။ မရှိဘူးဆိုရင်တော့ ချက်ချင်း default case ကို ယူပါလိမ့်မယ်။

    select {
    case msg := <-messages:
        fmt.Println("received message", msg)
    default:
        fmt.Println("no message received")
    }

Non-blocking ပို့မှုကလည်း အပေါ်ကလိုဘဲ အလုပ်လုပ်ပါတယ်။ ဒီမှာ msg ကို messages channel ဆီ ပို့လို့မရပါဘူး၊ ဘာလို့လဲဆိုတော့ channel မှာ buffer မရှိသလို လက်ခံမယ့်သူလည်း မရှိလို့ပါ။ ဒါကြောင့် default case ကို ရွေးချယ်ပါတယ်။

    msg := "hi"
    select {
    case messages <- msg:
        fmt.Println("sent message", msg)
    default:
        fmt.Println("no message sent")
    }

default clause ရဲ့အပေါ်မှာ case အများကြီးသုံးပြီး multi-way non-blocking select ကို implement လုပ်နိုင်ပါတယ်။ ဒီမှာ messages နဲ့ signals နှစ်ခုလုံးကနေ non-blocking လက်ခံဖို့ ကြိုးစားပါတယ်။

    select {
    case msg := <-messages:
        fmt.Println("received message", msg)
    case sig := <-signals:
        fmt.Println("received signal", sig)
    default:
        fmt.Println("no activity")
    }
}
$ go run non-blocking-channel-operations.go 
no message received
no message sent
no activity

နောက်ဥပမာ: Closing Channels.