Go by Example မြန်မာဘာသာ: Interfaces

Interface တွေဆိုတာ method signature တွေကို ပေါင်းပြီး အမည်ပေးထားတာပါ။

package main
import (
    "fmt"
    "math"
)

ဒီမှာ ဂျီသြမေတီပုံသဏ္ဍာန်တွေအတွက် အခြေခံ interface တစ်ခုကို သတ်မှတ်ထားပါတယ်။

type geometry interface {
    area() float64
    perim() float64
}

ဥပမာအနေနဲ့ ဒီ interface ကို rect နဲ့ circle type တွေမှာ implement လုပ်ပါ့မယ်။

type rect struct {
    width, height float64
}
type circle struct {
    radius float64
}

Go မှာ interface တစ်ခုကို implement လုပ်ဖို့ဆိုရင် interface ထဲက method အားလုံးကို implementလုပ်ဖို့ပဲ လိုပါတယ်။ ဒီမှာ rect အတွက် geometry interface ကို implement လုပ်ထားပါတယ်။

func (r rect) area() float64 {
    return r.width * r.height
}
func (r rect) perim() float64 {
    return 2*r.width + 2*r.height
}

circle အတွက် implement လုပ်ထားတာပါ

func (c circle) area() float64 {
    return math.Pi * c.radius * c.radius
}
func (c circle) perim() float64 {
    return 2 * math.Pi * c.radius
}

Variable တစ်ခုက interface type ဖြစ်နေရင် အဲဒီ interface ထဲက method တွေကို ခေါ်သုံးလို့ရပါတယ်။ ဒီမှာ measure ဆိုတဲ့ generic function တစ်ခုက ဒီအချက်ကို အသုံးချပြီး မည်သည့် geometry function မဆို အလုပ်လုပ်နိုင်အောင် ရေးထားပါတယ်။

func measure(g geometry) {
    fmt.Println(g)
    fmt.Println(g.area())
    fmt.Println(g.perim())
}
func main() {
    r := rect{width: 3, height: 4}
    c := circle{radius: 5}

circle နဲ့ rect struct type နှစ်ခုစလုံးက geometry interface ကို implement လုပ်ထားတဲ့အတွက် သူတို့ရဲ့ instance တွေကို measure function ရဲ့ argument အဖြစ် သုံးလို့ရပါတယ်။

    measure(r)
    measure(c)
}
$ go run interfaces.go
{3 4}
12
14
{5}
78.53981633974483
31.41592653589793

Go ရဲ့ interface တွေအကြောင်း ပိုမိုလေ့လာချင်ရင် ဒီ great blog post ကို ဖတ်ကြည့်ပါ။

နောက်ဥပမာ: Struct Embedding.