Go by Example မြန်မာဘာသာ: Hello World

ကျွန်ုပ်တို့၏ ပထမဆုံး print ထုတ်မယ့်ပရိုဂရမ်သည် ဂန္ထဝင် “Hello world” message ဘဲဖြစ်ပါတယ်။ ဒီမှာ ကုဒ်အပြည့်အစုံကိုလည်းဖတ်နိုင်ပါတယ်။

package main
import "fmt"
func main() {
    fmt.Println("hello world")
}

ဒီပရိုဂရမ်ကိုစဖို့ရာအတွက် ဖိုင်ထဲမှာ ကုဒ်များကိုထည့်ပေးပါ။ ပြီးသွားလျှင် go run ကိုသုံးပီး run လုပ်ပါ

$ go run hello-world.go
hello world

တခါတလေ ကျနော်တို့ကိုယ့် program ကို binary အဖြစ် build လုပ်ပြီး run လုပ်ပြီးရှိလျှင် အဲ့အခါ go build ကိုသုံးပါ။

$ go build hello-world.go
$ ls
hello-world    hello-world.go

binary build လုပ်ထားတဲ့ program ကိုဒီလိုတိုက်ရိုက် execute လုပ်နိုင်ပါတယ်

$ ./hello-world
hello world

ကျနော်တို့လက်ရှိ Go program ကို run နှင့် build လုပ်နိုင်ပြီးရှိလျှင် ကျနော်တို့လက်ရှိ Go language ကိုအသေးစိတ်လေ့လာကြရအောင်။

နောက်ဥပမာ: Values.