Go by Example မြန်မာဘာသာ: Functions

Functions တွေက Go မှာအဓိကအခန်းမှာပါတယ်။ ကျနော်တို့ functions အကြောင်းကို နမူနာတချို့နှင့် လေ့လာကြပါမယ်။

package main
import "fmt"

ဒီ function မှာဆိုရင် int ၂ ခုကိုယူပီးတော့ သူတို့ပေါင်းလဒ်ကို int အဖြစ် return ပြန်ပေးပါ့မယ်။

func plus(a int, b int) int {

Go မှာ return ပြန်မယ်ဆိုပီး return ဆိုပီးတော့ပြောပီးတော့မှာ return ပြန်ရပါတယ်။ ဘာလို့လဲဆိုလျှင် last expression ကိုအလိုအလျှောက် return ပြန်မပေးလို့ပါ။

    return a + b
}

ကျနော်တို့ parameter မှာ same type တွေဆက်တိုက်ရှိနေတာဆိုရင် parameter type တွေကိုဆက်တိုက်ကြေငြာစရာမလိုဘဲ နောက်ဆုံးမှ type ကိုကြေငြာနိုင်ပါတယ်။

func plusPlus(a, b, c int) int {
    return a + b + c
}
func main() {

function တွေခေါ်သုံးတာကတော့ပုံမှန်လိုပါဘဲ function name ရယ် သူ့ arguments တွေရယ်ပေါ့ name(args)

    res := plus(1, 2)
    fmt.Println("1+2 =", res)
    res = plusPlus(1, 2, 3)
    fmt.Println("1+2+3 =", res)
}
$ go run functions.go 
1+2 = 3
1+2+3 = 6

There are several other features to Go functions. One is multiple return values, which we’ll look at next.

နောက်ဥပမာ: Multiple Return Values.