Go by Example မြန်မာဘာသာ: Errors

Go မှာ error တွေကို သီးခြား return value တစ်ခုအနေနဲ့ ပြန်ပေးတာက ပုံမှန်လုပ်နည်းလုပ်ဟန်ဖြစ်ပါတယ်။ သူက Java နဲ့ Ruby လို language တွေမှာသုံးတဲ့ exception တွေနဲ့ ကွာခြားပြီး C မှာ တစ်ခါတစ်ရံသုံးတဲ့ ရလဒ်တစ်ခုတည်းကို error value အဖြစ်လည်း သုံးတဲ့နည်းနဲ့လည်း မတူပါဘူး။ Go ရဲ့နည်းလမ်းက ဘယ် function တွေက error ပြန်ပေးသလဲဆိုတာ မြင်သာစေပြီး တခြား non-error အလုပ်တွေမှာသုံးတဲ့ go ရဲ့ construct တွေနဲ့ပဲ error တွေကို ကိုင်တွယ်လို့ရအောင် လုပ်ပေးပါတယ်။

package main
import (
    "errors"
    "fmt"
)

convention အရ၊ error တွေဟာ နောက်ဆုံး return value ဖြစ်ပြီး built-in interface ဖြစ်တဲ့ error type ဖြစ်ပါတယ်။

func f1(arg int) (int, error) {
    if arg == 42 {

errors.New က ပေးလိုက်တဲ့ error message နဲ့အတူ အခြေခံ error value တစ်ခုကို တည်ဆောက်ပေးပါတယ်။

        return -1, errors.New("can't work with 42")
    }

Error position မှာ nil value ရှိနေတာက error မရှိဘူးဆိုတာပါ။

    return arg + 3, nil
}

Custom type တွေကို Error() method ကို implement လုပ်ပီးတော့ error အဖြစ် သုံးလို့ရပါတယ်။ ဒီမှာ အပေါ်က ဥပမာရဲ့ ပုံစံကွဲတစ်ခုကို ပြထားပါတယ်။ ဒီဥပမာမှာ argument error ကို ကိုယ်စားပြုဖို့ custom type တစ်ခုကို အသုံးပြုထားပါတယ်။

type argError struct {
    arg  int
    prob string
}
func (e *argError) Error() string {
    return fmt.Sprintf("%d - %s", e.arg, e.prob)
}
func f2(arg int) (int, error) {
    if arg == 42 {

ဒီနေရာမှာ &argError syntax ကို သုံးပြီး struct အသစ်တစ်ခု တည်ဆောက်ထားပါတယ်။ arg နဲ့ prob ဆိုတဲ့ field နှစ်ခုအတွက် တန်ဖိုးတွေ ပေးထားပါတယ်။

        return -1, &argError{arg, "can't work with it"}
    }
    return arg + 3, nil
}
func main() {

အောက်က loop နှစ်ခုက ကျွန်တော်တို့ရဲ့ error-returning function နှစ်ခုစလုံးကို စမ်းသပ်ထားပါတယ်။ သတိထားရမှာက if line မှာ inline error check သုံးထားတာဟာ Go code မှာ ပုံမှန်သုံးနေကျ ပုံစံတစ်ခုဖြစ်ပါတယ်။

    for _, i := range []int{7, 42} {
        if r, e := f1(i); e != nil {
            fmt.Println("f1 failed:", e)
        } else {
            fmt.Println("f1 worked:", r)
        }
    }
    for _, i := range []int{7, 42} {
        if r, e := f2(i); e != nil {
            fmt.Println("f2 failed:", e)
        } else {
            fmt.Println("f2 worked:", r)
        }
    }

Custom error ထဲက data ကို programmatically သုံးချင်ရင်၊ type assertion သုံးပြီး error ကို custom error type ရဲ့ instance အဖြစ် ရယူရပါမယ်။

    _, e := f2(42)
    if ae, ok := e.(*argError); ok {
        fmt.Println(ae.arg)
        fmt.Println(ae.prob)
    }
}
$ go run errors.go
f1 worked: 10
f1 failed: can't work with 42
f2 worked: 10
f2 failed: 42 - can't work with it
42
can't work with it

Error handling နဲ့ပတ်သက်ပြီး ပိုမိုလေ့လာဖို့ Go blog က ဒီ post ကို ဖတ်ကြည့်ပါ။

နောက်ဥပမာ: Goroutines.