Go by Example မြန်မာဘာသာ: Directories

Go သည် ဖိုင်စနစ်အတွင်းရှိ directories များနှင့် အလုပ်လုပ်ရန် အသုံးဝင်သော function များစွာ ရှိသည်။

package main
import (
    "fmt"
    "os"
    "path/filepath"
)
func check(e error) {
    if e != nil {
        panic(e)
    }
}
func main() {

လက်ရှိ အလုပ်လုပ်နေသော directory အတွင်း sub-directory အသစ်တစ်ခု ဖန်တီးပါ။

    err := os.Mkdir("subdir", 0755)
    check(err)

ယာယီ directories များ ဖန်တီးသောအခါ၊ ၎င်းတို့ကို ဖယ်ရှားရန် defer သုံးခြင်းသည် ကောင်းမွန်သော အလေ့အထဖြစ်သည်။ os.RemoveAll သည် directory tree တစ်ခုလုံးကို ဖျက်ပစ်လိမ့်မည် (rm -rf နှင့် အလားတူ)။

    defer os.RemoveAll("subdir")

ဖိုင်အလွတ်အသစ်တစ်ခု ဖန်တီးရန် Helper function။

    createEmptyFile := func(name string) {
        d := []byte("")
        check(os.WriteFile(name, d, 0644))
    }
    createEmptyFile("subdir/file1")

ကျွန်ုပ်တို့သည် parents ပါဝင်သော directory အဆင့်ဆင့်ကို MkdirAll ဖြင့် ဖန်တီးနိုင်သည်။ ဤသည်မှာ command-line mkdir -p နှင့် ဆင်တူသည်။

    err = os.MkdirAll("subdir/parent/child", 0755)
    check(err)
    createEmptyFile("subdir/parent/file2")
    createEmptyFile("subdir/parent/file3")
    createEmptyFile("subdir/parent/child/file4")

ReadDir သည် directory အတွင်းရှိ အရာများကို စာရင်းပြုစုပြီး os.DirEntry objects များ၏ slice ကို ပြန်ပေးသည်။

    c, err := os.ReadDir("subdir/parent")
    check(err)
    fmt.Println("Listing subdir/parent")
    for _, entry := range c {
        fmt.Println(" ", entry.Name(), entry.IsDir())
    }

Chdir သည် လက်ရှိ လုပ်ငန်းလည်ပတ်နေသော directory ကို ပြောင်းလဲခွင့်ပြုသည်၊ cd နှင့် အလားတူသည်။

    err = os.Chdir("subdir/parent/child")
    check(err)

ယခု ကျွန်ုပ်တို့သည် လက်ရှိ directory ကို စာရင်းပြုစုသောအခါ subdir/parent/child ၏ အကြောင်းအရာများကို မြင်ရမည်။

    c, err = os.ReadDir(".")
    check(err)
    fmt.Println("Listing subdir/parent/child")
    for _, entry := range c {
        fmt.Println(" ", entry.Name(), entry.IsDir())
    }

စတင်ခဲ့သောနေရာသို့ cd ဖြင့် ပြန်သွားပါ။

    err = os.Chdir("../../..")
    check(err)

ကျွန်ုပ်တို့သည် directory တစ်ခုကို recursively လည်း ကြည့်ရှု(visit_နိုင်သည်၊ ၎င်း၏ sub-directories အားလုံးအပါအဝင်ဖြစ်သည်။ Walk သည် တွေ့ရှိသော ဖိုင် သို့မဟုတ် directory တိုင်းကို ကိုင်တွယ်ရန် callback function တစ်ခုကို လက်ခံသည်။

    fmt.Println("Visiting subdir")
    err = filepath.Walk("subdir", visit)
}

visit သည် filepath.Walk မှ recursively တွေ့ရှိသော ဖိုင် သို့မဟုတ် directory တိုင်းအတွက် ခေါ်ဆိုခြင်းခံရသည်။

func visit(p string, info os.FileInfo, err error) error {
    if err != nil {
        return err
    }
    fmt.Println(" ", p, info.IsDir())
    return nil
}
$ go run directories.go
Listing subdir/parent
  child true
  file2 false
  file3 false
Listing subdir/parent/child
  file4 false
Visiting subdir
  subdir true
  subdir/file1 false
  subdir/parent true
  subdir/parent/child true
  subdir/parent/child/file4 false
  subdir/parent/file2 false
  subdir/parent/file3 false

နောက်ဥပမာ: Temporary Files and Directories.