Go by Example မြန်မာဘာသာ: Channel Directions

Channel တွေကို function parameter အဖြစ်သုံးတဲ့အခါ၊ အဲဒီ channel က တန်ဖိုးတွေကို ပို့ဖို့ (send) ပဲသုံးမှာလား၊ လက်ခံဖို့ (receive) ပဲသုံးမှာလားဆိုတာ သတ်မှတ်ပေးနိုင်ပါတယ်။ ဒီလို တိကျစွာသတ်မှတ်ခြင်းက ပရိုဂရမ်ရဲ့ type-safety ကို မြှင့်တင်ပေးပါတယ်။

package main
import "fmt"

ဒီ ping function က တန်ဖိုး (values) တွေပို့ဖို့အတွက်ပဲ သုံးမယ့် channel ကိုပဲ လက်ခံပါတယ်။ ဒီ channel ကနေ တန်ဖိုး (values) တွေကို လက်ခံဖို့ကြိုးစားရင် compile-time error ဖြစ်ပါလိမ့်မယ်။

func ping(pings chan<- string, msg string) {
    pings <- msg
}

pong function က တန်ဖိုးတွေလက်ခံဖို့ channel တစ်ခု (pings) နဲ့ တန်ဖိုးတွေပို့ဖို့ နောက်ထပ် channel တစ်ခု (pongs) ကို လက်ခံပါတယ်။

func pong(pings <-chan string, pongs chan<- string) {
    msg := <-pings
    pongs <- msg
}
func main() {
    pings := make(chan string, 1)
    pongs := make(chan string, 1)
    ping(pings, "passed message")
    pong(pings, pongs)
    fmt.Println(<-pongs)
}
$ go run channel-directions.go
passed message

နောက်ဥပမာ: Select.